Web Design & Development

NetScriper မှ လှပသေသပ်၍ နိုင်ငံတကာ စံချိန်မီ Website Design များကို သင့်တင့်သောဈေးနှုန်းဖြင့် အချိန်တိုအတွင်း ရေးဆွဲပေးနေပါသည်။ Web page ၁၀ မျက်နှာမှစ၍ သင်ကိုယ်တိုင် ပြင်ဆင်နိုင်သော CMS များ၊ International/Myanmar Bank API များနှင့် ချိတ်ဆက်ကာ Online တွင်ရောင်းချနိုင်သော E-commerce website များကိုလည်း ပြုလုပ်ပေးပါသည်။

ဘာကြောင့် သင်၏ Website အား ကျွန်တော်တိုနဲ့ လုပ်သင့်လဲ

သင်၏ Domain, Hosting, Email, Website တို့အတွက် တစ်နေရာထဲ ဝန်ဆောင်မှုရယူနိုင်ခြင်း

မြန်မာပြည်၏ Website ပေါင်း 1200 ကျော်အား လက်ရှိ ဝန်ဆောင်မှုပေးနေခြင်း

နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားခြင်း

High Quality W3C Standard နှင့် ကိုက်ညီခြင်း

Industrial Experience အနေဖြင့် 12 နှစ်ကျော်ရှိပြီး ဝါရင့်နည်းပညာရှင် များဖြင့်ဖွဲ.စည်းထားခြင်း

Budget Web Design Packages

မြန်မာပြည်အတွက် ဈေးအသက်သာဆုံး၊ Startup Business များအတွက် အလိုအပ်ဆုံး Web Design Package များ

Web Page (၁) မျက်နှာ မှစ၍ Web Page (၁၀) မျက်နှာ အထိရှိပြီး လွယ်ကူသက်သာစွာနှင့် ကိုယ်ပိုင် Responsive Website တစ်ခုရရှိမည်။

Standard Web Design Packages

Tailor-made design များဖြင့် SME များအတွက် အလန်းဆုံး Static Website များ

Web Page (၁၀) မျက်နှာ မှစ၍ Web Page (၄၅) မျက်နှာ အထိရှိပြီး Sketch မှစဆွဲသော Tailor-made design များရရှိမည်။

  • သင်၏လုပ်ငန်းအား အကြမ်းဖျင်းလေ့လာ၍ သီးသန့် Design ဆွဲပေးခြင်း
  • Mobile, Tablet, Computer များတွင် လိုက်လျောညီထွေစွာ ကြည့်နိုင်သော Responsive
  • Information page များ၊ Gallery များ နှင့် Email Contact Form များ ထည့်သွင်းနိုင်ခြင်း
  • လစဉ် (တစ်နှစ် ၁၂ နာရီ) Maintenance/Update Service ပါဝင်ခြင်း

Standard CMS Web Design Packages

Tailor-made design များနှင့် အသုံးဝင်ဆုံး Content Management System (CMS) များ

CMS Web Page (၃၀) မှစ၍ Page အကန့်အသတ်မရှိ (Unlimited Pages) ကို သင်ကိုယ်တိုင်ပြင်ဆင်နိုင်သော CMS အနေဖြင့်ရရှိမည်။

  • CMS သို့ Login ဝင်ရောက် နိုင်ရန်အတွက် Admin Panel / Dashboard ပါဝင်ခြင်း
  • ကိုယ်တိုင် ထည့်သွင်းနိုင်မည့် Web Page/Post အရေအတွက် Unlimited ရရှိနိုင်ခြင်း
  • Website အား Update ပြုလုပ်နိုင်ရန် အခမဲ့ Short-Training ပေးခြင်း
  • သင်ကိုယ်တိုင် အချိန်မရွေး၊ နေရာမရွေး မှ Update ပြုလုပ်နိုင်ခြင်း

E-Commerce Packages

Products/Services များကို Shop Layout ဖြင့် ဆိုင်တစ်ဆိုင် ကဲ့သို့ ခင်းကျင်းပြသနိုင်ပြီး ဝယ်ယူသူများ အနေဖြင့် Shopping Cart နှင့်တကွ Checkout ပြုလုပ်ကာ Credit/Debit Card, MPU Card များဖြင့် ငွေချေနိုင်သော Online Shopping Website

အသေးစိတ်လေ့လာရန်

  • Catalogues, Categories နှင့် Products များအားစီမံနိုင်ခြင်း
  • Credit/Debit card များဖြင့် Online payment လက်ခံနိုင်ခြင်း
  • Shipping Calculator နှင့် Shopping Cart ပါဝင်ခြင်း
  • Myanmar Bank API များနှင့် Integration ပြုလုပ်နိုင်ခြင်း

Advanced Web/Cloud Application

လုပ်ငန်းတစ်ခုချင်းစီအတွက် Customized ရေးဆွဲပေးသော Cloud Application များ

Online Billing System များ၊ Cloud CRM များ၊ Agri-Tech များ၊ Cloud ERP များ၊ Voting System များရရှိမည်။

Our Web Design Packages come with:

Responsive Web Design

NetScriper မှပြုလုပ်ဖန်တီးသော Website များအားလုံးသည် Responsive Website များသာဖြစ်ပြီး Device များ အားလုံးတွင် လိုက်လျောညီထွေစွာ ကြည့်ရှုနိုင်မည်။

Standard SEO

NetScriper မှပြုလုပ်ဖန်တီးသော Website များအားလုံးတွင် Search Engine Optimisation (SEO) အား Standard အနေဖြင့် ထည့်သွင်း ပြုလုပ်ပေးထားပါသည်။

Fully Managed Hosting

NetScriper မှပြုလုပ်ဖန်တီးသော Website များအတွက် Web Hosting Server များအား ကိုယ်တိုင် Run ပြီး၊ ကိုယ်တိုင် Fully Manage ပြုလုပ်ပါသည်။

FREE Technical Support

UK နှင့် Myanmar ရှိ ကိုယ်ပိုင် In-House Support Team မှ Technical Support ပေးပါသည်။

Web Content Analysis

Project Coordinator မှ Content များ မထည့်သွင်းခင် Content Analysis & Grouping လုပ်ပေးပါသည်။

Monthly Statistics Report

Website Traffic, Demographic, Search Query, Geo နှင့် Visitor Info များအား Report ပေးပို့ပါသည်။

စိတ်ဝင်စားပါက ကျေးဇူးပြု၍ Sales & Marketing Team (Direct-line): 09448444455, 09448444466, 09448444477
(သို့) ဤ Contact Form မှ လွတ်လပ်စွာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Frequently Asked Questions

Web-1 နှင့် Web-2 package ကလွဲရင် တခြား package တွေဖြစ်တဲ့ Web-3 ကနေ Web-5 အထိက ကိုယ့်ဟာကိုယ်ပြောင်းလို့ရတဲ့စနစ် Content Management System (CMS) ဖြစ်တာကြောင့် ကိုယ့်ဟာကိုယ်ပြောင်းလို့ရပါတယ်။ အဲဒီလိုပြောင်းလဲရာမှာ Rich Text Editor ပါဝင်သည့်အတွက် Microsoft word ထဲတွင် စာရိုက်သကဲ့သို့ လွယ်ကူစွာ Bold, Italic, Underline ပြုလုပ်ခြင်းများ၊ Text Alignment ပြောင်းလဲခြင်းများကို Click နှိပ်၍ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။
ရပါတယ်။ Responsive Website Design ဖြစ်တဲ့အတွက် Mobile, Tablet Device များမှ ကြည့်ရှုပါက (သာမာန် Website မျာကဲ့သို့ ချုံ့ချဲ့လုပ်စရာမလိုဘဲ) Mobile Application များအသုံးပြုသကဲ့သို့ လက်ဖြင့် Touch လုပ်ခြင်း၊ Scroll လုပ်ခြင်းများပြုလုပ်နိုင်ရန် အလိုအလျောက်လိုက်လျောညီထွေစွာ ပြောင်းလဲသွားမှာပါ။

ထိုသို့ကြည့်ရှုနိုင်ရန် Phone ထဲသို့ Application ထည့်သွင်းစရာမလိုပါဘူး။ Smart Phone တိုင်းမှာ ပါဝင်တဲ့ Web Browser မှ လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။ ထို့ကြောင့် သင့်ရဲ့ Website ကို ကမ္ဘာပေါ်မှာရှိတဲ့ Mobile Phone အသုံးပြုသူ၊ Tablet များမှ Internet ကြည့်ရှုသူ၊ Desktop/ Laptop များမှ Internet အသုံးပြုသူများ အားလုံး လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်ပါတယ်။

ဤသို့ လိုက်လျောညီထွေစွာ အလိုအလျောက်ပြောင်းလဲရာတွင် Font Size / Text များသည် Mobile တွင် ကြည့်ရှုနိုင်သော အရွယ်အစားသို့ ပြောင်းလဲသွားခြင်း၊ Photo / Image များသည် မည်သည့် Mobile Phone Size နှင့် မဆို ကြည့်ရှုနိုင်သည့် Size များဖြစ်သွားခြင်း၊ Form များကို Phone ၏ Keypad မှ လွယ်ကူစွာ ဖြည့်နိုင်ခြင်း၊ Button/ Menu များသည် လက်ဖြင့် Touch ပြုလုပ်ရန် လွယ်ကူသည့် အနေအထားသို့ ပြောင်းလဲသွားနိုင်သည့် နောက်ဆုံးပေါ် Responsive နည်းပညာဖြင့် ဖန်တီးတည်ဆောက် ထားခြင်းဖြစ်ပါတယ်။
ရပါတယ်။ အဲဒီ ရှိပြီးသား Domain ကို NetScriper မှ အခမဲ့ပေးမည့် Hosting Sever သို့ Point လုပ်ကာ သင့်ရဲ့ Website အသစ်တက်လာအောင် ပြုလုပ်ပေးမှာပါ။ (သို့) NetScriper မှ Website အား သင့် ရှိပြီးသား Hosting သို့ တင်ပေးလို့လည်းရပါတယ်။
လုပ်ပေးလို့ရပါတယ်။ ဒီနေရာမှာ (၂) မျိုးရှိပါတယ်။
  1. ရှိပြီးသား Site ကလုပ်တာ မကြာသေးဘူး။ (Technology က up-to-date ဖြစ်တယ်)၊ Design တွေလည်းကောင်းတယ်၊ ကြိုက်လည်း ကြိုက်တယ် ဆိုရင် NetScriper မှ နာရီပိုင်းသာယူပြီး ပြုပြင်ပေးလို့ရပါတယ်။
  2. တကယ်လို့ ရှိပြီးသား Site က Technology လည်း ဟောင်းနေပြီ။ Design တွေလည်း out နေပြီ၊ တော်တော်များပြင်ချင်တယ်ဆိုရင်တော့ NetScriper မှာ Site အသစ်လုပ်တာ ပိုသင့်တော်မှာပါ။ ရှိပြီးသား Website လိပ်စာ (Domain Name) ကို Flyer တွေ Name Card တွေမှာ ရိုက်ပြီးသား ဖြစ်နေတာမို့ NetScriper မှ အဲဒီ Domain ကို အရင် company ဆီကရအောင် လွှဲပြောင်းယူပေးမှာပါ။ Local (မြန်မာပြည်တွင်း) company ဖြစ်ဖြစ်၊ International (ပြည်ပ) company ဖြစ်ဖြစ် NetScriper မှ ပိုင်ရှင် သဘောတူညီချက်ဖြင့် အပြည့်အဝရယူပေးနိုင်ပါတယ်။
လာအပ်တဲ့နေ့မှာ 50% သွင်းပြီးတာနဲ့ လိုချင်တဲ့ Domain Name ကို availability checking လုပ်ပြီး ချက်ချင်း Register လုပ်ပေးပါမယ်။ Hosting နဲ့ တစ်ခါတည်း ချိတ်ဆက်ပေးမှာ ဖြစ်တဲ့အတွက် email များလည်း စတင်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ပါလာတဲ့ Data တွေနဲ့ Design Team က Layout စဆွဲဖို့ Design နဲ့ပါတ်သက်တဲ့ မေးခွန်းတွေ မေးမှာပါ။ Working Day (၄) ရက်၊ (၅) ရက် ခန့်မှာ Layout Design ကြည့်ရမယ့် Link ကို email နဲ့ ပို့ပေးပါမယ်။ Design ကို ကြည့်ရှုပြီး Colour Theme, Content Position, Product/Item/Service Highlight စသည်တို့အားလုံးကို စိတ်ကြိုက်ဖြစ်သည်အထိ Designer က Review / Revision ပြုလုပ်ပေးသွားမှာပါ။ Final Design ရပြီဆိုပါက Developer များက Coding စရေးမှာပါ။

Frame ချသည့်အဆင့် ပြီးစီးပါက Content များ၊ Page များ စတင်ထည့်သွင်းမှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာတော့ Data တွေရသလောက် အားလုံးပေးသွားဖို့လိုပါတယ်။ ပြီးသလောက် Beta Version / Preview Site မှာ Client မှ အချိန်မရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ လိုအပ်သည်များကိုလည်း မှာကြားနိုင်ပါတယ်။ ( Data များလိုအပ်သေးရင် ဒီ Step မှာပဲ စောင့်ဆိုင်းပေးမှာပါ )

Page များအားလုံး / Website တစ်ခုလုံး ပြီးစီးပြီ ဆိုပါက Project Sign-Off ပြုလုပ်ပါမယ်။ ဒီအချိန်မှာ ကျန်ငွေ 50% ကို Client မှ ပေးသွင်းရမှာဖြစ်ပြီး NetScriper မှ Website Live ပြုလုပ်ပေးပါမယ်။

လစဉ်အခမဲ့ Maintenance ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် Data အသစ်များ၊ Content အသစ်များ၊ Website Update ပြုလုပ်ခြင်းများကို လိုအပ်သလို 1 လ 1 ကြိမ် အခမဲ့ပြုလုပ်ပေးသွားမှာပါ။

NetScriper မှ လတ်တလော ပြုလုပ်ထားသော Website များ

NetScriper ၏ Client တစ်ချို့

Shwe Taung Group
CB Securities
Myanmar Red Cross Society
Max Cement, Max Myanmar Manufacturing Co., Ltd
Alpha Cement (Myanmar Conch Cement Co., Ltd)
Suzuki Myanmar
SamPar Oo Purified Drinking Water & Soft Drinks
PEP Milk and Dairy (Red Horse Dairy Industry Co., Ltd)
City Properties
Asia Royal Hospital  | အာရွေတာ္ဝင္ေဆးရုံ | အာရှတော်ဝင်ဆေးရုံ
Junction City Retail
The Capital Hypermarket Dawbon, Yangon